ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ဖြေဆို

ငါန်းဇွန်  မတ် ၁၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား (၁၀၇)ဦး၊ ကျောင်းသူ (၁၂၆)ဦး စုစုပေါင်း(၂၃၃)ဦး၊ ဖြေဆိုသူကျောင်းသား(၁၀၁)ဦး၊ ကျောင်းသူ(၁၂၅)ဦး စုစုပေါင်း(၂၂၆)ဦး၊ ပျက်ကွက် ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၁)ဦး စုစုပေါင်း(၇)ဦးရှိရာ ဖြေဆိုသူ ကျောင်းသားကျောင်းသူ ၉၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြောင်းသိရသည်။ 

သက်နောင်ဦး(ငါန်းဇွန်)