ကျောက်ပန်တောင်း မတ် ၁၂
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ဖြစ်သည့် မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်ကို၊ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း စာဖြေဌာန ၆ ခု၌ ကျောင်းသား ကျောင်းသူ ၂၄၇၁ ဦး၊ လက်ပံပျား စက်မှု၊ စိုက်မွေးအ.ထ.က၌ ကျောင်းသားကျောင်းသူ ၅၂ ဦး စုစုပေါင်း ၂၅၂၃ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၃၉ ဦးအနက်မှ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၂၄၇၁ ဦး ရှိကြောင်းသိရပြီး၊ စာမေးပွဲဖြေဆိုမှုရာခိုင်နှုန်း ၉၇ဒသမ ၃၂ ရာခိုင်နှုန်းရှိကြေင်းနှင့် လက်ပံပျား စက်မှုစိုက်မွေး အ.ထ.က ၌ ကျောင်းသား/ကျောင်းသူ ၅၂ ဦး စာရင်းရှိသည့်အနက် ၅၂ ဦးလုံးဝင်ရောက်ဖြေဆိုကြရာ၊ စုစုပေါင်းဖြေဆိုသူ ၂၅၂၃ ဦး ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်၌ အမှတ်(၁) အ.ထ.က ပင်မစာဖြေဌာနနှင့် တိုးချဲ့စာဖြေဌာန၊ အမှတ်(၂) အ.ထ.က စာဖြေဌာန၊ မြို့ရှေ့ အ.ထ.က စာဖြေဌာန၊ လက်ပံပျား အ.ထ.က စာဖြေဌာန နှင့် ပုပ္ပား အ.ထ.က စာဖြေဌာနများ ဖွင့်လှစ်ထားရှိသည်။
အဆိုပါ စာဖြေဌာနများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေး၊ ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည့် လုံခြုံရေး စီမံ/အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)