စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ ၁,၆၇၅ ဦး ဖြေဆို

စဉ့်ကိုင် မတ် ၁၂

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ် ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ စဉ့်ကိုင်မြို့နယ်တွင်လည်း မတ် ၁၂ ရက် နံနက်ပိုင်းမှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာနသုံးခုတွင် ကျောင်းသား၊ ကျောင်းသူ ၁,၆၇၅ ဦး ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  အ.ထ.က(စဉ့်ကိုင်) စာစစ်ဌာန၊ အ.ထ.က (ပလိပ်) စာစစ်ဌာနနှင့် အ.ထ.က (ဘယ်လင်း) စာစစ်ဌာနဟူ၍ စာစစ်ဌာနသုံးခုဖြင့် ဖွင့်လှစ်ခဲ့ရာ (ပထမနေ့) အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရန်စာရင်းရှိကျောင်းသား ဦးရေ ၈၂၂ ဦး၊ ကျောင်းသူဦးရေ ၉၁၄ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ ၁၇၃၆ ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ ၇၇၉ ဦး၊ ကျောင်းသူဦးရေ ၈၉၆ ဦး၊ စုစုပေါင်း ‌ဝင်ရောက်ဖြေဆိုသူ ကျောင်းသား /ကျောင်းသူဦးရေ ၁,၆၇၅ ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက် ကျောင်းသားဦးရေ ၄၃ ဦး၊ ကျောင်းသူဦးရေ ၁၈ ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူဦးရေ ၆၁ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၆ ဒသမ ၄၉ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်မှုမှာ ၃ ဒသမ ၆၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ ဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန် ကျောင်းဝန်းအတွင်းနှင့်အပြင်များ၌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်‌အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မ‌တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)