တွံတေး မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ (၃) လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အုန်းပင်စုရပ်ကွက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန (ခ) အဆင့်အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ပြောင်းရွေ့ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူ (၄၅၆) ဦးအားတွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဥ်း၍ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် ထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့ဝင်များမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ (၃) လစာအတွက် ထောက်ပံ့ငွေတစ်ဦးလျှင် (၆၀၀၀ဝ) ကျပ်နှုန်းဖြင့် ရပ်ကွက်/ ကျေးရွာ (၁၉ )အုပ်စုမှ လူဦးရေ (၄၅၆) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြကြာင်း သိရသည်။
အဆိုပါထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)