ဒလ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အ.ထ.က (၄) စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (၄) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျား (၃၉၉) ဦး၊ မ (၄၆၈) ဦး၊ စုစုပေါင်း (၈၆၇) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျား(၂၄)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း (၄၅) ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)