၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၁၁) ရက်တွင် နိုင်ငံတစ်ဝန်း တစ်ပြိုင်နက်တည်းကျင်းပပြီး မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် ကမမောင်းမြို့တို့ရှိ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆို လျက်ရှိသည်။
ဘားအံ
ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံ စာစစ်ဌာန၊ အ-ထ-က (၂) ဘားအံ စာစစ်ဌာန၊ အ-ထ-က(၃) ဘားအံ စာစစ်ဌာန၊ အ-ထ-က(၄) ဘားအံစာစစ်ဌာနတို့တွင် ဖြေဆိုရန်စာရင်းသွင်းထားသော ကျောင်းသား/ကျောင်းသူ (၂၂၄၁)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၂၁၆၅)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၆၁)ရာခိုင်နှုန်းနှင့် ဘားအံမြို့ စက်မှုအထက်တန်းကျောင်း စာစစ်ဌာနနှင့် ဒုံရင်း (အ-ထ-က)စာစစ်ဌာနတို့တွင် ဖြေဆိုရန် စာရင်းသွင်းထားသော ကျောင်းသား/သူ (၁၁၂)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ (၁၁၂)ဦး ဖြေဆိုမှုရာခိုင်နှုန်း ရာခိုင်ပြည့်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
လှိုင်းဘွဲ
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို အထက-လှိုင်းဘွဲ စာစစ်ဌာနနှင့် အထက-ရွှေဂွန်း စာစစ်ဌာနတို့ဖြင့် ဖွင့်လှစ်ထားပြီး အထက-လှိုင်းဘွဲစာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၂၃၆)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၁၃)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၂၄၉)ဦးနှင့် အထက-ရွှေဂွန်း စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၅၅)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး၊ စုစုပေါင်း စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၂၇၁)ဦး၊ လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၅၂၀)တို့ စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြဝတီ
မြဝတီမြို့နယ်အတွင်းရှိ အခြေ ခံပညာအထက်တန်းကျောင်း (၅)ကျောင်း ၊အခြေခံပညာ အထက်တန်း (ခွဲ) ကျောင်း (၇)ကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း တို့မှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ စာရင်းရှိ (၃၈၁)ဦးအနက် ဝင်ရောက် ဖြေဆိုသူ (၃၄၁)ဦးရှိပြီး (၈၉ ဒသမ ၅၀)ရာခိုင်နှုန်း ရှိကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီး
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များမှ ကျောင်းသား(၁၁၄)ဦး၊ ကျောင်းသူ(၂၈၉)ဦး စုစုပေါင်း (၄၀၃)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယနေ့မြန်မာစာဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား(၁၀၆)ဦး၊ ကျောင်းသူ(၂၇၇)ဦး၊စုစုပေါင်း(၃၈၃)ဦးရှိပြီး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသော ကျောင်းသူ(၁၂)ဦး၊ ကျောင်းသား(၈)ဦး၊ စုစုပေါင်း(၂၀)ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူရာလိုင်နှုန်း(၉၅ ဒသမ ၀၄)ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စာဖြေစာစစ်ဌာနတစ်ခုသာဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲအား အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကမမောင်း
ကရင်ပြည်နယ် ကမမောင်းမြို့တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ကမမောင်း)စာစစ်ဌာနတွင် စာရင်းရှိ ၅၀ ဦး၊ ဖြေဆို ၃၆ ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ ၁၄ ဦးရှိပြီး (၇၂)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း သိရှိရသည်။
၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန