ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန အနောက်ကြို့ကုန်းရပ်ကွက်၊ သစ်တောဝင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းနည်းများ လက်တွေ့ပြသ

ရန်ကုန် မတ် ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်သစ်တောဦးဌာနနှင့် အင်းစိန်ခရိုင် မီးသတ်ဦးစီဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ သစ်တောဝင်းအတွင်းရှိ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားခဲ့ပြီး အင်းစိန်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ အင်းစိန်ခရိုင် မီးသတ်ဦးစီးဌာန မှမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ ဖုံးအုပ်ငြှိမ်းသတ်ပြသခြင်း၊ 3Dမီးသတ်ပိုက်ခေါင်းအသုံးပြု၍ လက်တွေ့ပြသခြင်းနှင့် အမြုပ်မီးသတ်ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်းများအား တက်ရောက်လာကြသည့် သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များကို လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)