မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၅ ခုနှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များနှင့် သုတေသန ဂျာနယ် Vol.6 စာတမ်းရှင်များအား ဂုဏ်ပြု

ချမ်းအေးသာစံ  မတ် ၁၁

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (Mandalay University of Foreign Languages–MUFL) ၂၀၂၅ ခုနှစ်၊ နှစ်လည်မဂ္ဂဇင်း စာမူရှင်များနှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် University Research Journal Vol.6 တွင် ရေးသားခဲ့သော စာတမ်းရှင်များအတွက် ဂုဏ်ပြုပွဲကိုအခမ်းအနားကို မတ် ၁၀ ရက် နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)ရှိ သီရိရတနာ ခန်းမတွင်ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ပါမောက္ခချုပ်ကနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌ မြန်မာဘာသာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ခင်မာထူးက နှစ်လည်မဂ္ဂဇင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် စာတမ်းရှင် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်အား မြတ်ဆရာကန်တော့ခံ ဆရာမကြီး ဒုတိယပါမောက္ခချုပ်(ငြိမ်း)ဒေါက်တာ လှိုင်ဝေဝေလှက ဂုဏ်ပြုမှတ်တမ်းလွှာပေးပြီးနောက် နှစ်လည်မဂ္ဂဇင်းစာမူရှင်များအား ပါမောက္ခချုပ်ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ်  ဒေါက်တာကြည်ကြည်မိုး၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် ဌာနမှူး(သင်တန်းရေးရာ)တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး စာမူရှင်ဒေါက်တာမောင်မောင်လေး(မြန်မာစာ)က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် University Research Journal Vol.6 စာတမ်းရှင်များ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အကြမ်းဖက်မှုကြိုတင် ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသူ(၂)ဦးတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)