ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ချမ်းမြသာစည်  မတ်  ၁၁

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ် ၁၁ ရက် နံနက် ၉နာရီက စတင်ဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိသည်။​

ချမ်းမြသာစည်မြို့နယ်အနေဖြင့် အ.ထ.က (၇)၊ အ.ထ.က(ခွဲ)လ (၁၃)၊ အ.ထ.က(ခွဲ)လ (၃)၊ အ.ထ.က(၃၀)၊ အ.ထ.က (၃၄)နှင့် အ.ထ.က (၂၈) စာစစ်ဌာန ၆ ခုရှိသည့်အနက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ စုစုပေါင်း ၃၀၁၂ ဦးရှိရာ စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/သူစုစုပေါင်း ၂၈၆၃ ဦးရှိပြီး ပျက်ကွက်ကျောင်းသား/ကျောင်းသူ ၁၄၉ ဦး စာမေးပွဲဖြေဆိုသည့်ရာခိုင်နှုန်း ၉၅ ဒသမ ၀၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အ​ခြေခံပညာအထက်တန်း​ကျောင်း စာစစ်ဌာနများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းပြင်ပ၌ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)