ဝမ်းတွင်း မတ် ၁၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက်ပိုင်းမှစတင်၍ အေးချမ်းစွာဖြေဆိုလျက် ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနလေးခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသားကျောင်းသူများမှတက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုလျှက်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား ၅၈၆ ဦး၊ ကျောင်းသူ ၈၃၁ ဦး၊ စုစုပေါင်း ၁၄၁၇ ဦး အေးချမ်း စွာဖြေဆို ကြကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)