ဒေါပုံမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းလှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်

ဒေါပုံ မတ် ၁၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအားမီးဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းလှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်းကို မတ်လ (၉) ရက်နေ့ ညနေ ၄ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးရာဇာထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက သာသနာ့ဝံသကျောင်းတိုက်မှ သံဃာတော် ၃ ပါးကို ပင့်ဆောင်ကာ သံဃာတော်များက မြို့နယ်အတွင်း၍ ရပ်ကွက်များအလိုက် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားပူဇော်ခဲ့ကြပြီး ပရိတ်ရေများပက်ဖြန်းခဲ့ကြပါသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သံယာတော်များအား ဝတ္ထုနှင့် အအေးများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)