ချမ်းအေးသာစံ မတ် ၁၁
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးနေရာ၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၇ ဒသမ ၃၃ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဝါဝါကျော်တို့ လိုက်ပါခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂,၁၇၅ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂,၁၁၇ ဦး၊ ပျက်ကွက်ကျောင်းသား ၅၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)