ဒဂုံမြောက် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ ဓမ္မစေတီ (ထေရဝါဒပရိယတ္တိစာသင်တိုက်)တွင် ရေအခက်အခဲရှိသောကြောင့် မတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအချိန်ထိ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းတိုက်ရှိရေကန်များအတွင်းသို့ ရေများဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရေကန်များအတွင်း ရေများဖြည့်တင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်ပြီးသန္ဓေမီးသတ်တပ်ဖွဲ့၀င် (၁၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးတို့နှင့်အတူ (4N/9476) DONG FENG မီးသတ်ရေသယ်ယာဉ်၊ ဂါလံ(၃၂၀၀)တစ်စီး၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ (4M/4195)SINO TRUCK ရေသယ်ယာဉ်၊ ဂါလံ (၂၂၀၀) တစ်စီး၊ အကြိမ်ရေ (၂) ခေါက်စီ၊ ပေါင်း(၄)ခေါက်၊ စုစုပေါင်း ရေဂါလံ (၁၀၈၀၀) အား ကျောင်းတိုက်ရှိ ရေကန်များအားလုံးကို ရေအပြည့်ဖြည့်တင်းပေး လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ နွေရာသီကာလတွင် သောက်သုံးရေများပြတ်လတ်မှုမရှိစေရန်နှင့် ဖူလုံစွာသုံးစွဲနိုင်ရန် လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။
နေခြည် (ပြန်/ဆက်)