မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံအင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေး မတ် ၁၁

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ဆက်လက်ပြီး ‌အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများရရှိသည့် ကျောင်းသူလေးများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်စောလွင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မူလွန်(၂၀)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းနွယ်နှင့် သင်တန်းနည်းပြ ဆရာမဒေါ်သွယ်သွယ်နှင်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ယင်းသင်တန်းကို ကျောင်းသား/ကျောင်းသူ ၁၅ ဦး တက်ရောက်သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစာင်များ၊ အသိပညာပေး နံရံကပ်စာစောင်များအား သင်တန်းဆင်းပွဲတက်ရောက်လာ‌သော ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့‌လာခဲ့ကြောင်းသိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)