သုံးခွမြို့နယ်၌ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

သုံးခွ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းကို မတ်လ ၉ ရက်နံနက် ၁၀ နာရီက သုံးခွမြို့မ‌ဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား (၁၀)မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးဖြစ်ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)