မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အေးမြကြည်လင်ဈေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ရပ်ကွက်ရှိ အေးမြကြည်လင်ဈေး မီးဘေးလုံခြုံရေးအတွက် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့်တာဝန်ရှိသူများသည့် မတ် ၁၀ ရက် မွန်းလွဲ ၁နာရီက မီးဘေး လုံခြုံရေးဆောင်ရွက်ထားရှိမှုများ စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူးဦးသက်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိုက်ထိုက်ဇော်၊  စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့်အဖွဲ့ဝင်များက ဈေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးခြင်းများ မှာကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)