ပုသိမ်ကြီးမြို့နယ် ရပ်ရွာအ‌ခြေပြု အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်

ပုသိမ်ကြီး မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမျိုးသမီးရေးရာကော်မတီတို့ ပူပေါင်းဖွင့်လှစ်သည့်ရပ်ရွာအ‌ခြေပြု မိန်းမဝတ်အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနပံသုကျီခန်းမ၌ ကျင်းပသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက အမှာစကားပြောကြားပြီး သင်‌‌ထောက်ကူပစ္စည်းများကို သင်တန်းသူ (၂၀) အား ပေးအပ်သည်။ ထို့နောက် သင်တန်းပို့ချနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အောင်မြေသာစံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အုန်းမြ၊  ပုသိမ်ကြီးမြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စမ်းသီတာနိုင်၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသူ ၂၀တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ် ၃ ရက်မှ  ၂၆ ရက်အထိဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်