ကျွန်းစုမြို့နယ်၌ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၀၈ ဦး ဝင်ရောက်ဖြေဆိုမည်

ကျွန်းစု မတ် ၉

၂၀၂၆ ပညာသင်နှစ် မတ် ၁၁ ရက်မှ စတင်၍ ပညာရေးဝန်ကြီးဌာန  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပသွားမည်ဖြစ်ရာ  တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၀၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိသည်။

ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ စာရင်းရှိ ကျောင်းသား/သူ (၅၁၃)ဦးအနက် (၄၇၀) ဝင်ရောက်ဖြေဆိုခဲ့ကြရာ (၁၅၅)ဦး အောင်မြင်ခဲ့ပြီး (၁)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦး ရှိကြောင်း သိရသည်။

 ထက်မြင့်(ကျွန်းစု)