ပင်လောင်း မတ် ၇
နွေရာသီကျောင်းပိတ်ရက်များဖြစ်သည်နှင့်အညီ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်နှင့် စစ်တုရင်အားကစားတိုးတက်စေရန်ရည်ရွယ်၍ အခြေခံစစ်တုရင်သင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။
စစ်တုရင်သင်တန်းတွင် အခြေခံဖြစ်သည့် စစ်တုရင်အရုပ်အမည်များ၊ အရုပ်တစ်ရုပ်ခြင်းစီ၏ အားသာချက်များ၊ ကစားနည်းများ စသည့် စစ်တုရင်ပညာရပ်များကို သင်တန်းနည်းပြဆရာတစ်ဦးဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၅) ဦး တက်ပြီး သင်တန်းကို မတ်လ ၁၆ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)