ပင်းတယ မတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ပင်းတယမြို့ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြဆုငွေများနှင့် သင်တန်းသုံးပစ္စည်းများကို ပေးအပ်ကာ ဒေသဥက္ကဋ္ဌမှ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် အားကစားအဖွဲ့များမှ အားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြကြောင်း၊ အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ အေရိုးဗစ်၊ လက်ဝှေ့နှင့်ကြက်တောင်အားကစားနည်းများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)