ကျေးသီးမြို့နယ်၌ ရှမ်းပြည်နယ် သဘာဝတော ရေထွက်၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေ အသုံးပြုလျက် ရေထွက်တောထိန်းသိမ်းခြင်း ဆောင်ရွက်

ကျေးသီး မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ရှမ်းပြည်နယ် သဘာဝတော ရေထွက်၊ ရေထိန်းတောကာကွယ်ရေးဥပဒေအရ ဒေသခံများအသုံးပြုလျက်ရှိသည့် (၂) မိုင်ကျောင်း(ဝမ်ကျောင်း)ရေထွက်တွင် ရေထွက်ကော်မတီများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်ဖြူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးအေးနိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ဦး၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းဇော်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မိုးကြည်တို့မှ နားလွယ်အုပ်စုနှင့် ဒေသခံရပ်မိ/ရပ်ဖများအား သဘာဝရေထွက်တော၊ ရေထိန်းတောဧရိယာ၊ အမာခံနယ်မြေ၊ ကြားခံနယ်မြေဧရိယာသတ်မှတ်ခြင်း၊ တည်နေရာပြမြေပုံ၊ Google Map မြေပုံ၊ ဥပဒေပါ တားမြစ်ချက်ဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါ‌ကြောင်း သိရသည်။

ထို့နောက် သဘာဝရေထွက်တော၊ ရေထိန်းတောဥပဒေပါ သိကောင်းစရာအကြောင်းအရာ လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများအား ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)