ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဟိုပုံးမြို့ နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ယဉ်‌ကျေးလိမ္မာသင်တန်းသားများအတွက် စာရေးကိရိယာနှင့် အချိုရည်များ ပေးအပ်လှူဒါန်း

ဟိုပုံး မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ယဉ်‌ကျေးလိမ္မာသင်တန်းသား၊ သင်တန်းသူများအတွက် စာရေးကိရိယာနှင့် အချိုရည်များ ပေးအပ်လှူဒါန်းခြင်းကို မတ် ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက နောင်တောင်းပရဟိတတပ်ဦးကျောင်း၌ ပြုလုပ်သည်။

ဦးစွာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက နောင်တောင်းပရိဟိတတပ်ဦးကျောင်းတွင် ယဉ်‌ကျေးလိမ္မာသင်တန်းသား၊  သင်တန်းသူများအား ရင်းနှီးစွာတွေ့ဆုံပြီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယဉ်ကျေးလိမ္မာသင်တန်းသား၊ သင်တန်းသူများအား စာရေးကိရိယာနှင့် အချိုရည်များ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယဉ်‌ကျေးလိမ္မာသင်တန်း သင်ကြားနေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)