လားရှိုးမြို့တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် သင်ကြားပေး

လားရှိုး မတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ‌နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို အ.ထ.က (ခွဲ)၊ အ.လ.က (၅)၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ဆောင်ရွက်ရာတွင် အ.ထ.က (ခွဲ)၊ အ.လ.က (၅)ကျောင်းမှ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၀ ဦးဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA ယဉ်ကျေးလိမ္မာသင်တန်း (၃၈) ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနည်းစာအုပ်နှင့် ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ အပိုင်း ၁၊ ၂၊ ၃ စာအုပ်ပါအကြောင်းအရာများအား ပို့ချသင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းအား မတ်လ ၃ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ တစ်လဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း အ.ထ.က (ခွဲ)၊ အ.လ.က (၅)ကျောင်းမှ ‌တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)