မိုးနဲ မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာများ ကြက်တောင်သင်တန်းသားများ၊ ဘောလုံးသင်တန်းသားများ၊ ဘောလီဘောသင်တန်းသားများနှင့် အေရိုးဗစ်သင်တန်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တန်းလွှာများအား ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အေရိုးဗစ်သင်တန်းသူများက အာရှမြန်မာသီချင်းဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက အားဖြည့်အချိုရည်များ ပေးအပ်ကာ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြသည်။
အဆိုပါသင်တန်းများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဒေါ်နန်းသန်းသန်းစိုးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများက လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဇင်ကိုကို