နောင်ချို မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားလပ်ရက်များ၌ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရေး၊ အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီးအရည်အချင်းမြင့်မားသော အားကစားသမားကောင်းများပေါ်ထွက်လာစေရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများဖွံဖြိုးတိုးတက်စေရေးရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း လေးမျိုးအား ဖေဖော်ဝါရီ ၂၅ ရက်နေ့မှစတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊သင်တန်းသူ ၈၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြခံအားကစားနည်းသင်တန်းအား ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ နောင်ချိုမြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်(Fitness dance)စသည့် အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
မြို့နယ်၊ပြန်/ဆက်