ကျေးသီး မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ရေနံထွက်ပစ္စည်းအရောင်ဆိုင်များ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်ဖြူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဇော်ဝင်းထိုက်နှင့် တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ စက်သုံးဆီရောင်းဝယ်၊ သိုလှောင်ရေးဆိုင်ရာ စည်းကမ်းလိုက်နာခြင်းရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်စွာရောင်းဝယ်ရေး၊ ပေပါများ/ပုံးများဖြင့်မရောင်းချရေး စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစနစ်များ ပြည့်စုံစွာဆောင်ရွက်ခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကာလိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ထုတ်ပြန်ထားသောဥပဒေ၊ လမ်းညွှန်ကြားချက်များအားလိုက်နာ၍ သတ်မှတ်စည်းကမ်းချက်များအတိုင်း စက်သုံးဆီရောင်းချရေးတို့ကို ပူးပေါင်းအဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသောအရောင်းဆိုင်များကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)