သာစည် မတ် ၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေဘဲ အကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ် ၅ ရက်နံနက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းအထောက်အကူပစ္စည်းများ လှူဒါန်းသည်။
အဆိုပါသင်တန်းများတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဆရာဦးမြတ်ကို(ကလောင်အမည်) ကာတွန်းလူမင်းအောင်နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို အထက်တန်းအင်္ဂလိပ်စာပြဆရာမ ဒေါ်နန်းအေးစန္ဒာမိုးတို့က အခမဲ့သင်ကြားပေးလျက်ရှိပြီး သင်တန်းများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မှ ကျောင်းသား/ကျောင်းသူများ တက်ရောက်လျက်ရှိကြောင်းသိရသည်။ သင်တန်းများကို တနင်္လာနေ့မှသောကြာနေ့အထိ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို နေ့စဉ်နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ နှင့် အင်္ဂလိပ်စာအခြေခံသင်တန်းကို နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်