မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မန္တလေး  မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပသည်။

ဦးစွာ မခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အမှာစကာ ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြိုင်ပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာဆုများလည်း ပေးအပ်ချီးမြှင့်သည်။   

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ် စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)