မိတ္ထီလာ မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင် ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ရွာသွားလမ်းအား ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်း ၁၃၅ ဒသမ ၃၂၀ ဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီမှ အရှည် ၀/၂မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မရှိ ကွန်ကရစ်လမ်းအား ဇွန် ၁၁မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)