မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၄၉) ဦး လွတ်ငြိမ်းခွင့်ရရှိ

မြင်းခြံ မတ် ၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူ များအနက် အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်း သူ (၄၉) ဦးအား လွတ်ပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်က မြင်းခြံဗဟိုအကျဉ်းထောင် အလုပ်ရုံခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံအကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူများအား ထောင်လွတ်လက်မှတ်၊ ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်၊ လွတ်လူစားစရိတ်နှင့် ခရီးစရိတ်များ ပေးအပ်ခဲ့သည်။

အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၁ ဦး၊ အကျဉ်းသူ ၁၈ ဦး စုစုပေါင်း ၄၉ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ (မြင်းခြံ)