မိုးညှင်းမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ထူးချွန်ဆုရတောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်

မိုးညှင်း  မတ် ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ခြင်းအခမ်းအနား၊ ထူးချွန်ဆုရတောင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းနှင့် ရွက်ဖြန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် ၂၀၂၆ခုနှစ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ဖတ်ကြားသည်။

ထို့နောက် မိုးညှင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ထူးချွန်စွာ စိုက်ပျိုးထုတ်လုပ်ခဲ့ကြသောတောင်သူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ ပင်းဟဲကျေးရွာနှင့် အင်ကြင်းကုန်းကျေးရွာရှိ တောင်သူများအား ရွက်ဖျန်းမြေဩဇာများ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း