နောင်မွန်း မတ် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့သဝဏ်လွှာဖတ်ကြားခြင်းနှင့် ရွက်ဖျန်းမြေဩဇာပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ဝဏ္ဏကျော်ထင်ဂူရှင်ဖုန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှပေးပို့သော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယုံထန်ဖုန်ရမ်က ဖတ်ကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက တောင်သူများသဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲနည်းကို ဟောပြောရှင်းလင်းကာ ရွက်ဖျန်းမြေဩစာများကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စိုက်ပျိုးတောင်သူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)