ချမ်းမြသာစည် မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆင်ဖြူကန်ကွင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၆ ခုနှစ်၊ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က သီးနှံစိုက်စွမ်းအားထူးချွန်ဆု၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူထူးချွန်ဆု၊ စပါးစိုက်ပျိုုးထုတ်လုပ်မှုတောင်သူထူးချွန်ဆု၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့် က ဂျုံစိုက်ပျိုးထုတ်လုပ်မှု တောင်သူထူးချွန်ဆု၊ မြေပဲထုတ်လုပ်မှူတောင်သူထူးချွန်ဆု၊ နေကြာမျိုးစေ့ထုတ် တောင်သူထူးချွန်ဆု၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက နေကြာစိုက်ပျိုး ထုတ်လုပ်မှုတောင်သူထူးချွန်ဆု၊ မိုးနှမ်းစိုက်ပျိုးထုတ်လုတ်မှုတောင်သူထူးချွန်ဆု၊ ပဲတီးစိမ်းစိုက်ပျိုး ထုတ်လုပ်မှုတောင်သူထူချွန်းဆု၊ မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက ကြက်သွန်နီစိုက်ပျိုး ထုတ်လုတ်မှုတောင်သူထူးချွန်ဆု၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုတ်မှု တောင်သူထူးချွန်ဆု၊ ပဲစဉ်းငုံစိုက်ပျိုး ထုတ်လုတ်မှုတောင်သူထူးချွန်ဆု စသည့်ဆုအသီးသီးတို့ကို ဆုရတောင်သူ လယ်သမားများထံ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆုရတောင်သူလယ်သမားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်သည်တော်များက ဌာနဆိုင်ရာများနှင့် ပြင်ပကုမ္ပဏီများမှ ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)