ပူတာအို မတ် ၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးတို့က မိုးစပါး၊ ဆီမုန်ညှင်းသီးနှံ နှစ်သီးထပ် အမြင့်မားဆုံးစိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ ဇီးအွန်ကျေးရွာမှ တောင်သူ ဦးဒီးနဖုန်အားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်း တစ်ဧကအထွက်နှုန်း အမြင့်မားဆုံး စိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ နောင်ခိုင်ကျေးရွာမှ တောင်သူ ဦးထွန်းထွန်းလင်းအားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်း တစ်ဧက အထွက်နှုန်း အမြင့်မားဆုံး စိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ လန်းနို-၂ ကျေးရွာမှ တောင်သူ ဦးစိုင်းလှထွန်းအားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်း တစ်ဧကအထွက်နှုန်းအမြင့်မားဆုံး စိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ ပန်းလှိုင်ရပ်ကွက်မှ တောင်သူ ဒေါ်စွဲ့အေးဟွမ်အားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်းတောင်သူအများ စိုက်ပျိုးလာရန် စည်းရုံးနိုင်ခြင်း တောင်သူဆုရ ဟိုခိုရပ်ကွက်မှ တောင်သူ ဦးအားဖူအားလည်းကောင်း ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူများက စက်မှုလယ်ယာဦးစီးဌာန ခင်းကျင်းပြသထားသော လက်တွန်းထွန်စက်ပြပွဲများကို ကြည့်ရှုအားပေးကြပြီး စက်မှုူလယ်ယာဦးစီးဌာနက လက်ကိုင်ရှည် လက်တွန်းထွန်စက် လက်စွဲစာအုပ်များကို တောင်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)