တံတား မတ် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မိဘမဲ့ကျောင်းများ၊ IDP camp များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများရှိ လူစုလူဝေးဖြင့် နေထိုင်သည့်နေရာများတွင် အသက် (၉) လမှ (၁၅)နှစ်ကလေးများအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ (၁) ရက်နေ့ နံနက်ပိုင်းကစတင်၍ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် ဓမ္မဝါရီသီလရှင်ကျောင်းတိုက်တို့တွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဖေဖော်ဝါရီလ (၂၃)မှ မတ်လ (၄) ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တံတားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)