မိုးကောင်း မတ် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် စံပြတောင်သူဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် သီးနှံမျိုးစုံ မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် ၂၀၂၆ခုနှစ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဖတ်ကြားသည်။
ထို့နောက် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် မြို့နယ်အတွင်း စပါး၊ ပဲပုတ်၊ နေကြာ၊ မြေပဲတို့မှ နှစ်သီးထပ်အမြင့်မားဆုံးနှင့် တစ်ဧကအထွက်နှုန်း အမြင့်မားဆုံးဆုနှင့် စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းများမှ အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သော စံပြတောင်သူဆုရ ငါးဦးအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေသားဆုနှင့် သီးနှံမျိုးစုံ မျိုးစေ့များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)