ပြည်ကြီးတံခွန် မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် စက်မှု(၁)ဈေးအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ အရန် (၁၂)ဦးနှင့် ဈေးတာ၀န်ခံများနှင့် ဈေးသူဈေးသားများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဟောပြောသရုပ်ပြ လေ့ကျင့်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် ဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ 191 report application အား ထည့်သွင်းပေးခြင်းနှင့် ဟောပြောသရုပ်ပြများ ပြုလုပ်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ပြန်/ဆက်)