ပူတာအို မတ် ၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ယခုအခါ နွေရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် တောမီးလောင်ကျွမ်းခြင်း၊ ရှို့မီးများအား တားဆီးကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် မီးတားလမ်းအား ပူးပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၇)နာရီက ပူတာအိုလေဆိပ် လေယာဉ်ပြေးလမ်းအရှေ့ဘက်၌ မီးတားလမ်းအား ပူးပေါင်းဆောင်ရွက်သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၃၅၀)ဦးတို့က လေယာဉ်ပြေးလမ်း အရှေ့ဘက် မီးတားလမ်း ပေ(၆၀) အတွင်းရှိ ကိုင်းတောများ၊ မြက်ပင်များနှင့် ချုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ခုတ်ထွင်ရှင်းလင်းထားသည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းကားဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပူတာအိုလေဆိပ် လေယာဉ်ပြေးလမ်းအရှေ့ဘက် မီးတားလမ်းပူးပေါင်းဆောင်ရွက်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)