မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြစ်ကြီးနားမြို့နယ် ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဝတ်အသင်းများ (၂၈) ကြိမ်မြောက် ဗုဒ္ဓဒေသနာတေ ာ်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုလို ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု ရွေးချယ်ပွဲ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ် ဗုဒ္ဓဘာသာဝင်လူငယ်တိုင်း ဘာသာတရားကို စိတ်ပါဝင်စာပြီး ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို ခံယူကျင့်သုံးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့သည့် လူတော် လူကောင်းများ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဗုဒ္ဓ၏တရားဒေသနာတော်များကို လိုက်နာကျင့်ကြံအားထုတ်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့စရိုက်ကို မြတ်နိုး ထိန်းသိမ်းစောင့်ရှောက် တတ်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြစ်ကြီးနားမြို့နယ် ဗုဒ္ဓဘာသာ သာသနာရေးရာအဖွဲ့ဥက္ကဋ္ဌက သာသနာရေးရာအဖွဲ့၏ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပ တ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက အထူးဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ဂုဏ်ပြုဆု၊ အင်အားအများဆုံးဆု၊ အမွှန်းရွတ်ဆိုမှု အကောင်းဆုံးဆုနှင့် သန့်ရှင်းသပ်ရပ်ဆုများ ရရှိခဲ့ကြသော ဝတ်အသင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၂၈)ကြိမ်မြောက် ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ရပ်ကွက်/ကျေးရွာအသီးသီးမှ ဝတ်အသင်း စုစုပေါင်း (၂၃) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)