မိုးညှင်း ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းနှင့်အဖွဲ့ဝင်များသည် သီတဂူမိဘမဲ့ကလေးကျောင်းမှ ကလေးများနှင့် သာသနဟိတကာရီ သီလရှင်ကျောင်းတိုက်မှ စာသင်သီလရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက သွားရောက်ပေးအပ်သည်။
ဦးစွာ ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှနာယက ဒေါ်လဖိုင်နန်ဆိုင်း၊ ပြည်နယ်အဖွဲ့ဝင် ဒေါ်သွဲ့လေးအောင်တို့သည် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန Mini အစည်းအဝေးခန်းမ၌ သီတဂူမိဘမဲ့ကလေးကျောင်းမှ ကလေးငယ်များနှင့် တာဝန်ရှိသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး မိဘမဲ့ကလေး (၁၉)ဦးအတွက် ထောက်ပံ့ငွေများနှင့် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်အစုံများကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ သီတဂူမိဘမဲ့ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးပန္နိတက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မိန့်ကြားသည်။
ထို့နောက် ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ နာယက ဒေါ်လဖိုင်နန်ဆိုင်းနှင့်အဖွဲ့သည် မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ သာသနဟိတကာရီ သီလရှင်ကျောင်းတိုက်သို့သွားရောက်၍ သီလရှင်ဆရာကြီးများအား သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားပြီး သီလရှင်စာသင်သားများအတွက် အလှူငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်များကို လှူဒါန်းပေးအပ်ရာ သီလရှင်ဆရာကြီးက ဆုတောင်းမေတ္တာပို့သပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း