ကလောမြို့၌ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပ

ကလော ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ Hill Top Villa Hotel ၌ ဖေဖော်ဝါရီလ  ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းဇော်က အမှာစကား ပြောကြားရာတွင် ခရီးသွားလုပ်ငန်းဟာ ဝန်ဆောင်မှုကို အခြေခံတဲ့ စီးပွားရေးဖြစ်တာကြောင့် ဝန်ဆောင်မှုပေးတဲ့ အလုပ်အကိုင်တိုင်းဟာ အရည်အသွေးမြင့်မားနေဖို့ လိုအပ်ပါကြောင်း၊ ယခုသင်တန်းကနေသိသင့်သိထိုက်တဲ့ အသိပညာ ဗဟုသုတနဲ့ မိမိတို့ လေ့လာသင်ကြားရမည့် ဘာသာရပ်များကို ကြိုးစားသင်ယူပြီး လုပ်ငန်းခွင်မှာ အကျိုးရှိစွာ ပြန်လည်အသုံးချကြစေလိုကြောင်း၊ ယခုလိုဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများက နုဖွင့်လှစ်ပေးခြင်းဖြင့် မိမိတို့ဟိုတယ်၊ မိမိတို့ဒေသပုံရိပ်ကို မြှင့်တင်ပေးရာ ရောက်ပါပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာတာနဲ့အမျှ ဒေသခံများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်သင် တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်လာသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး သင်တန်းသား၊သင်တန်းသူ (၇၀)ဦးတို့ဖြင့် သင်တန်းကားလ ရက်သတ္တပတ် (၄) ပတ်ကြာ သက်ဆိုင်ရာ ဟိုတယ်တို့တွင် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)