တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၂/၂၀၂၆) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (/၂၀၂) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (/၂၀၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လစဉ် ပုံမှန်ပြုလုပ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြေယာအရေးကိစ္စရပ်များတွင် ဘက်လိုက်မှုမရှိပဲ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာမြေ အငြင်းပွား မှုများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဘက်ကျေလည်မှုများရှိကြောင်း၊ အဓိကအနေဖြင့် လယ်ယာမြေများအပေါ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားမှုများတွင် အမှန်တကယ် အသုံးချမှုမရှိပဲ ဆောင်ရွက်ထားရှိသည့်များ တွေ့ရကြောင်း၊ မြေများအား မှန်ကန်စွာ အသုံးချရန်၊ သုံးစွဲသည့်နေရာတွင် စနစ်တကျရှိရန်၊ မြေယာစီမံခန့်ခွဲသည့်နေရာတွင် မှန်မှန်ကန်ကန်ရှိရန် လိုအပ်ကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ လယ်ယာမြေများသုံးစွဲသည့်နေရာတွင် အထင်မြင်လွဲမှားမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်၍ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)