တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ထားဝယ်  ဖေဖော်ဝါရီ ၂၇

မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူတောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တောင်သူယ်သမားနေ့ အခမ်းအနားတွင် သဝဏ်လွှာဖတ်ကြားခြင်းနှင့် MSME ပြခန်းများ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ အဓိကအနေဖြင့် အမှန်တကယ် စိုက်ပျိုးနေသည့် စပါးမျိုးစေ့၊ ပဲ၊ ရာဘာနှင့် ရာဘာထုတ်ကုန်၊ ပိုးသတ်ဆေးများ၊ ကိုးကို အပါအဝင် ခင်းကျင်းပြသပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြခန်းများအတွင်း ခင်းကျင်းပြသမည့် တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များ၊ ဒေသမှ ထွက်ရှိသော MSME ထုတ်ကုန်များ၊ စိုက်ပျိုးရေးမွေးမြူရေး၊ မျိုးစေ့၊ သွင်အားစုနှင့်ဒေသထွက် ကုန်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)