ထားဝယ် ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် စာအောင်ဆုနှင်းသဘင် အခမ်းအနား ကျင်းပနိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စာအောင်ဆုနှင်းသဘင်အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ပြုလုပ် ကျင်းပလျက်ရှိကြောင်း၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းခရိုင်များတွင် တစ်ပြိုင်တည်း ပြုလုပ်ကျင်းပသွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး လစ်ဟမှု မရှိစေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ စာအောင်ဆုနှင်းသဘင် အခမ်းအနားသည် ဘာသာသာသနာ ကုသိုလ်လုပ်ငန်းဖြစ်သည့်အတွက် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သံယာတော်၊ သီလရှင်များအတွက် ကိုချီးကျူးဂုဏ်ပြုပူဇော်နိုင်ရေး “စာအောင်ဆုနှင်းသဘင်အခမ်းအနား” ဖြစ်ကြောင်း၊ သာသနာအဓွန့်ရှည် တည်တံ့ရေးအတွက်ကို ဆရာတော်၊ သံဃာတော်များက ဖြေဆိုအောင်မြင်တော်မူကြသည့်အတွက် ချီးကျူးဂုဏ်ပြုပူဇော်ခြင်းဖြစ်ကြောင်း၊ စာအောင်ဆုများကို သန့်ရပ်စွာ ဂုဏ်ယူဖွယ်ဖြစ်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်၊
ထို့နောက် ကော်မတီဝင်များက အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းတင်ရေး၊ သံဃာတော်များ ပင့်လျှောက်ရေး၊ ဧည့်သည်တော်များ ကြိုဆိုနေရာချထားရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စာအောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ရေး၊ လုံခြုံရေးနှင့်စည်ကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေး၊စသည့် ကော်မတီအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးခဲ့ကြပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)