အင်းစိန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် အင်းစိန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဘိုးများ လျော့နည်းကျဆင်းစေရန်အတွက် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာ လေ့ကျင့်၊ ဆောင်းမှာ စစ်ဆေး၊ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ မင်းကြီးလမ်း၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ခိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်ရေးစနစ်များ ထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်စေရေး၊ ဝင်လမ်းထွက်လမ်းများ ကောင်းမွန်စေရေး၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေးနည်းစနစ်များကို အသေးစိတ်ရှင်းလင်း၍ မီးသတ်ဆေးဗူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်း/ဆက်)