သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း

ဘားအံ ဖေဖော်ဝါရီ ၂၅

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။

ဦးစွာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဆရာတော်သံဃာတော်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များ လစ်ဟင်းမှုမရှိစေရေး ဆပ်ကော်မတီများအလိုက်စီစဉ်ဆောင်ရွက်ရန် ဆွမ်းဆန်တော်လောင်းလှူပွဲ၌ ပြည်သူများပါဝင်လှူဒါန်းနိုင်ရေး နှိုးဆော်အသိပေးရန်ပြောကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာများက ဆပ်ကော်မတီများအလိုက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)