ရေဖြူ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် မူလတန်း အဆင့် Grade-5နှင့် အလယ်တန်းအဆင့် Grade-9နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ၂၃ရက် နံနက်ပိုင်းမှ စတင်ကာ ရေဖြူမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိသည်။
ရေဖြူမြို့နယ်တွင် မူလတန်းအဆင့်Grade-5 ကျောင်းသား/ကျောင်းသူများအတွက် ဖေဖော်ဝါရီ လ ၂၃ရက်မှ၂၇ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး အလယ်တန်းအဆင့် (Grade-9) ကျောင်းသား/ကျောင်းသူများအတွက် ဖေဖော်ဝါရီလ ၂၃ရက်မှ ၂၈ရက်အထိ နံနက်၉နာရီမှ ၁၁နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)