ညောင်ဦးခရိုင် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ ဆေးရုံသုံးစက် ပစ္စည်းကိရိယာများနှင့်ဆေးပဒေသာပင်အလှူငွေများပေးအပ် 

ညောင်ဦး ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ညောင်ဦးမြို့ ခုတင် (၂၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး အစည်း အဝေးခန်းမ၌  Zawgyi Group မိသားစုမှ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်က ခရိုင်ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌လှူဒါန်းပွဲအခမ်းအနားကျင်းပသည်။

ဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ခရိုင် ဆေးရုံကြီးနှင့်ပတ်သက်၍ ပြောကြားသည်။ ထို့နောက် Zawgyi Group မိသားစု တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နေ Zaw Gyi Group မိသားစုမှ ဆေးရုံသုံးပစ္စည်းများဖြစ်သော BABY WARMER တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀ နှင့် BioSafety Cabinet တန်ဖိုးငွေကျပ် ၇၆၀၀၀၀၀၀၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၈၀၀၀၀၀၀ တို့အား ပေးအပ်လှူဒါန်မှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လွှဲပြောင်းလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ Zaw Gyi Supply Chain Limited မှ အလှူငွေကျပ်၂၅၀၀၀၀၀ နှင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နေ ဒေါက်တာ ကြည်ရှင်းသန့်က အလှူငွေကျပ် ၂၇၅၀၀၀လှူဒါန်းမှုတို့ကို ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းက လွှဲပြောင်းလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းက  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ Zaw Gyi Group မိသားစုမှ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း ရခြင်းအပေါ် ကျေးဇူးတင်စကားများ ပြောကြားသည်။ အခမ်းအနားကို  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း