မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ကျောင်သူ ၁၃၇၁ ဦးဝင်ရောက်ဖြေဆိုမည်

မြစ်သား  ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊မြစ်သား မြို့နယ်၌  ၂၀၂၆ခုနှစ်တွင် ကျင်းပမည့်တက္ကသိုလ်ဝင် စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၉၅၀ ဦးနှင့် အပြင်ဖြေကျောင်းသား၊ ကျောင်းသူ ၃၉၁ ဦးဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများတင်သွင်းထား‌ကြောင်းသိရသည်။

  မြစ်သားမြို့နယ်တွင်တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများဖြစ်ကြသော အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် စာစစ်ဌာနနှစ်ခု၊ ကူမဲအခြေခံပညာအထက်တန်းကျောင်းနှင့် ရွာခိုင်ကြီး အခြေခံပညာအထက်တန်းကျောင်းများ၌ စာစစ်ဌာန လေးခုဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။

 အဆိုပါစာစစ်ဌာနများတွင် STEAMS-1 အတွင်း၊အပြင် ဖြေဆိုသူကျောင်းသားကျောင်းသူ  ၈၈၉ ဦး၊ STEAMS-2 အတွင်း၊အပြင်ဖြေဆိုသူကျောင်းသား၊ကျောင်းသူ  ၃၉၅ ဦးနှင့် STAMS အတွင်း၊ အပြင်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ  ၅၇ ဦးနှင့် အခြေခံပညာနှင့်စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးဘာ သာရပ်နှင့်မွေးမြူရေးဘာသာရပ်ဖြေဆိုသူ ကျောင်း သား၊ကျောင်းသူ ၃၀ စုစုပေါင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၃၇၁ ဦးတို့ ၂၀၂၆ခုနှစ်တွင် ကျင်းပမည့်တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်း မြို့ နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)