တံတားဦး ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီ ၂၃ရက်မှစတင်ကာ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် အ.ထ.က၊တံတားဦးစာစစ်ဌာနနှင့် အ.ထ.က၊ ချောင်းခွစာစစ်တို့ နှစ်ခုရှိကြောင်း၊ အ.ထ.က၊တံတားဦးစာစစ်ဌာနတွင် အတွင်းဖြေ STEAMS-1၌ ကျောင်းသား ၇၁ဦး၊ ကျောင်းသူ ၁၃၂ဦး၊ စုစုပေါင်း ၂၀၃ဦး၊ STEAMS-2၌ ကျောင်းသား ၆၈ဦး၊ ကျောင်းသူ ၉၂ဦး၊ စုစုပေါင်း ၁၆၀ဦး၊ STAMS-1၌ ကျောင်းသား ၃ဦး၊ အပြင်ဖြေ STEAMS-1၌ ကျောင်းသား ၆၁ဦး၊ ကျောင်းသူ ၁၀၀ဦး၊ စုစုပေါင်း ၁၆၁ဦး၊ STEAMS-2၌ ကျောင်းသား ၅၃ဦး၊ ကျောင်းသူ ၄၄ဦး၊ စုစုပေါင်း ၉၇ဦး၊ STAMS-1၌ ကျောင်းသား ၈ဦး၊ ကျောင်းသူ ၅ဦး၊ စုစုပေါင်း ၁၃ဦးရှိကြောင်း အ.ထ.က၊တံတားဦး၏ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်ထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)